ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

ဒုတိယစာမျက်နှာ(Unicode)

"ဟား....ဟား....."

ဝမ်ရိပေါ် လက်ထဲက စာရွက်ကို ကိုင်ပြီး ထိုင်ရယ်နေတာ အဆက်မပြတ်တော့။

မင်းနဲ့တော့ မောင်ဘယ်လိုလုပ်ရမှာလဲ ရှောင်းကျန့်။

လွန်ခဲ့တဲ့ ငါးမိနစ်ထိ သူငိုထားတာကြောင့် မျက်ရည်ကမခြောက်သေး.....အခုတော့ ရယ်ရလွန်းလို့ မျက်ရည်တောင် ပြန်ကျရသည်။

ရှောင်းကျန့်....ရှောင်းကျန့်......တကယ်ကို အပြစ်လွတ်အောင်လုပ်သွားတာ။ မင်းကိုချစ်ရတာ ငိုလိုက် ရယ်လိုက်နဲ့အရူးတစ်ယောက်လိုပဲ။

လိုက်ခဲ့ပါလို့ တည့်မပြောဘဲ ဆန္ဒရှိရင်လိုက်ခဲ့ပါဆိုတဲ့ ပုံမျိုး။ တိုက်ရိုက်ပြောရင် မင်းအပြစ်ဖြစ်မှာစိုးလို့ မောင့်ကို ဆုံးဖြတ်ခိုင်းလိုက်တယ်ပေါ့။ တကယ်ကို လည်လွန်းတာ။

ပြန်တွေ့မှ မောင့်မျက်ရည်တွေကို အိပ်ရာပေါ်မှာ ပြန်ဆပ်ခိုင်းမယ်။

ကျခဲ့တဲ့ မျက်ရည်တွေက တော်တော်များလို့ မင်းလည်း ခံနိုင်ရည် ရှိအောင်တော့ လုပ်ထား။

ဝမ်ရိပေါ် ရယ်နေတာကို ရပ်ပြီး ရှောင်းကျန့် ချန်ထားခဲ့တဲ့ စာကိုပြန်ကြည့်လိုက်သည်။ ခုနတုန်းက စိတ်နာလွန်းလို့ စာရွက်ကိုစုတ်ဖြဲမိတော့မည်အလုပ်စာရွက်ရဲ့ ကျောဘက်ခြမ်းမှာ ထပ်ရေးထားတဲ့ စာအချို့ကို အမှတ်တမဲ့တွေ့လိုက်​၏။

2345, xxx Street, Jacksonville, Florida, US

ရှောင်းကျန့်က စာရွက်နောက်ကျောဘက်မှာ လိပ်စာအတိအကျကြီးကိုပေးသွားတာ။

ဒါတင်မကသေး အောက်ဆုံးထိကျနေတဲ့သူ့ရဲ့ စိတ်ဝိဉာဉ်ကို တိမ်တွေပေါ် ပစ်တင်လိုက်တဲ့ စာတစ်ကြောင်း.......

                         လက်စွပ်ပါယူခဲ့

________ __________

AN:ဘာလို့ငိုကြတာလဲ ။ပြောရရင်တော့ စာရေးသူနဲ့ မဆိုင်ပါဘူး။ ဝမ်ရိပေါ် သေချာမဖတ်တာပါ 🌝

စာဖတ်သူတွေလည်း ပထမ စာမျက်နှာအဆုံးမှာ ဒုတိယစာမျက်နှာကို ညွှန်လိုက်တဲ့ မြားတစ်ကြောင်းကို သတိမထားခဲ့ဘူးမလား ။ မတွေ့ခဲ့ရင် ပြန်ကြည့်....ဟိဟိ။