ဤအရာကို နှင်းဆီနီ ဟုခေါ်သည်

အပိုင်း(၄)Unicode

"ဟယ်လို....ဦး...."

"......"

"ညနေမှလာခဲ့နော်.....အခု အလုပ် interview သွားမလို့လေ......"

"......"

"ထောက်ခံပေးစရာ မလိုပါဘူး....ကျွန်တော့်အရည်အချင်းကို ဦး ယုံတယ်မလား....."

"....."

"သိပါတယ် ဦးသမက်ရဲ့ ကုမ္ပဏီမှန်း....တော်ကြာ အကပ်နဲ့ ရလာတာလို့ အပြော မခံချင်လို့ပါ....."

"....."

"အင်း....ဟုတ်ပါပြီ....အဲ့တာဆို ဒါပဲနော်.....see you..."

ရှောင်းကျန့် ယန်ချောင်မင်နဲ့ ဖုန်းပြောပြီးတော့ ချားလ်စ် ကို ဖုန်းခေါ်လိုက်သည်။

"အေး.....ချားလ်စ်...."

"......"

"ငါပြောထားတာ စီစဉ်ထားပေးပြီးပြီလား....."

"......"

"မြို့လယ်ခေါင်နဲ့ နည်းနည်း အလှမ်းဝေးတဲ့ နေရာမဟုတ်လား....."

"......"

"ကျေးဇူးပဲ ချားလ်စ်...."

ရှောင်းကျန့် ဖုန်းချလိုက်ပြီးတော့ တစ်ချက်ပြုံးလိုက်မိသည်။ သူလွန်ခဲ့တဲ့ နှစ်ရက်တုန်းက ချားလ်စ် ကို ဘေကျင်းမြို့လယ်ခေါင်နဲ့ အလှမ်းဝေးတဲ့ နေရာမှာ condo တိုက်ခန်း တစ်ခု ရှာထားခိုင်းခဲ့တာ.....။

သူတိုက်ခန်း ငှားလိုက်တဲ့ ကိစ္စကို ယန်ချောင်မင် မသိ.....။ သိစရာလည်း မလိုဘူးလေ.....။ ဒီဟိုတယ်ခန်းက ယန်ချောင်မင် နဲ့ တွေ့ဖို့ အတွက်ဆို သူငှားလိုက်တဲ့ condo တိုက်ခန်းက တစ်စုံတစ်ယောက် အတွက်ပဲ သီးသန့်ရည်ရွယ်ထားခြင်းဖြစ်သည်။

__________ ___________

​"ဒေါက်....ဒေါက်....."

"ဝင်လာခဲ့....."

ဝမ်ရိပေါ် ​၏ အတွင်းရေးမှူး ဂျက် က လက်ထဲက စာရွက်စာတမ်းတချို့ကို ကိုင်ပြီး ဝင်လာခဲ့သည်။

"သူဌေး တောင်းထားတဲ့ ဟာတွေပါ....."

"အင်း....စားပွဲပေါ် တင်ထားလိုက်....ဒါနဲ့...."

"ပြောပါ သူဌေး....."

" ဝမ်ရှင်း ဂေဟာကို ဒီလ အတွက် ထောက်ပံ့ကြေး ပေးပြီးပြီလား....."

"ဒီမနက်ပဲ လွှဲလိုက်ပါတယ် သူဌေး....."

"အင်း ကောင်းပြီ သွားတော့....."

ဝမ်ရှင်း ဂေဟာဆိုတာ ဝမ်ရိပေါ်ရဲ့ အမေ အသက်ရှိစဉ်က ပရဟိတ အနေနဲ့ ဖွင့်ထားတဲ့ မိဘမဲ့ဂေဟာလေးတစ်ခုဖြစ်သည်။ သူ့အမေ မရှိတော့ ဘယ်သူမှ ဆက်ပြီး စိတ်ဝင်တစား မလုပ်တော့တာ ကြောင့် ဝမ်ရိပေါ်က သာ ဆက်ပြီး ထောက်ပံ့ပေးနေတာဖြစ်သည်။ လူကိုယ်တိုင်ကတော့ နှစ်လ တစ်ကြိမ် သုံးလတစ်ကြိမ်သွားပြီး ကလေးတွေကို အရုပ်လေးတွေ လက်ဆောင်လေးတွေ ပေးတတ်သည်။

ဝမ်ရိပေါ် သူတို့ ကုမ္ပဏီ brand အသစ်မိတ်ဆက်ပွဲလုပ်ပြီး တာ တစ်ပတ်ကြာသွားပြီးတော့ brand အသစ်အတွက် ဒီဇိုင်းဌာနမှူး ခန့်အပ်ဖို့အတွက် အလုပ် လျှောက်လွှာများကို စီစစ်နေသည်။ လျှောက်လွှာများကို လှန်လျောကြည့်နေရင်းမှ တစ်နေရာ အရောက်မှာ သူ့ရဲ့ လက်တွေ ရပ်တန့်လို့သွားပြီး သူ့ရဲ့ အကြည့်တွေက ထို လျှောက်လွှာထောင့်စွန်းက တစ်လက်မ ပတ်လည် ဓာတ်ပုံလေးပေါ်ကို ရောက်သွားသည်။

သူတော်တော်ကြာအောင် စိုက်ကြည့်နေရင်းမှ စာရွက်အထပ်တွေထဲက အလယ်သို့ရောက်နေတဲ့ ထိုလျှောက်လွှာကို အပေါ်ဆုံးသို့ ဆွဲထုတ်ယူလိုက်သည်။ ဓာတ်ပုံသေးသေးလေးထဲမှာ တွေ့ရတဲ့ အပြုံးစတချို့က အသက်ဝင်လွန်းသည်။
ကိုယ်ရေးအကျဉ်းကို ဖတ်ကြည့်လိုက်တော့ ဒီဇိုင်းပညာအရည်အချင်းက မျက်ခုံးပင့်စရာ.....။ နိုင်ငံတကာ အတွေ့အကြုံကလည်း သူတို့ ကုမ္ပဏီမျှော်မှန်းထားတာ တက်သာလွန်လို့နေသည်။ကိုယ်ရေး အကျဉ်းမှာ သူပညာအရည်အချင်းနဲ့ အတွေ့အကြုံကိုပဲ ဖတ်လိုက်တာဆိုရင်တော့ လိမ်ရာကျမည်....။ ထိုလျှောက်လွှာပိုင်ရှင် က သူ့ထက် အသက်ခြောက်နှစ်ပိုကြီးတယ်ဆိုတာတော့ အမှတ်မထင် မှတ်လိုက်ရပါသေးတယ်....။

ဝမ်ရိပေါ် သူကိုင်ထားတဲ့ လျှောက်လွှာကို လျှောက်လွှာတွေ အားလုံးရဲ့ နောက်ဆုံးကို ပို့လိုက်သည်။ အလုပ်လာလျှောက်တဲ့ သူတွေကို နံပါတ်စဉ်လိုက် ခေါ်မည် ဖြစ်တာကြောင့် မိမိရဲ့ လျှောက်လွှာက နောက်ဆုံးမှာ ဆိုရင် ကိုယ့် ရဲ့ အလှည့်က နောက်ဆုံးဖြစ်မည်သာ.....။
လာလျှောက်တဲ့ လူတွေအတွက် interview က တစ်ယောက်ကို ၁၅ မိနစ် အချိန်ပေးထားမှာ ဖြစ်ပြီး အချိန်ပြည့်တာနဲ့ နောက်တစ်ယောက်ကို ခေါ်မည်ဖြစ်သည်။ ထို့ကြောင့် အနောက်ဆုံး အလှည့်ရောက်နေသူအတွက် အချိန်ကန့်သတ်ချက်တွေကို သိပ်ပြီး စိတ်ပူစရာ လိုလိမ့်မည်တော့ မဟုတ်.....။ ကျိန်းသေတာတစ်ခုက ဒီအကြောင်းကို ဝမ်လုပ်ငန်းရဲ့ CEO တစ်ယောက် မသိစရာ အကြောင်းတော့ မရှိပေ....။

ဝမ်ရိပေါ် သူ့စားပွဲပေါ်က ဖုန်းကို နှိပ်ပြီး အပြင်ဘက်က သူ့ရဲ့ အတွင်းရေးမှူးကို ဖုန်းခေါ်လိုက်သည်။
"ဂျက်....ဒီ interview ကို ငါကိုယ်တိုင် လုပ်မယ်....."

___________ _____________

"အားလုံးပဲ တောင်းပန်ပါတယ် ခင်ဗျာ....interview ဖြေရမည့် နေရာက ပြောင်းသွားပါပြီ.....သူဌေးကိုယ်တိုင် လုပ်မှာ မလို့ သူဌေး ရုံးခန်းကို ပဲ သွားရပါမယ်နော်.....နောက် နာရီဝက် ဆိုစပါတော့မယ်...."

အတွင်းရေးမှူး ဂျက်​၏ ကြေညာသံကြောင့် interview အတွက်စောင့်နေသော သူများလှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။ အစက သူတို့သိထားတဲ့ အစီအစဉ်က ဒီလိုမျိုးမှ မဟုတ်တာ.....။ အခုမှ သူဌေးကိုယ်တိုင်မေးမယ် ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိကြသည်။ စောင့်နေကြတဲ့ လူတွေထဲမှာမှ ရှောင်းကျန့်က သူ့ရဲ့ နဖူးထက်မှာ ဝဲနေတဲ့ ဆံပင်စလေးများကိုသပ်လိုက်ပြီး ခပ်ရေးရေးလေး ပြုံးလိုက်သည်။
"ပထမဦးဆုံးဖြေမယ့်သူ xxxx အသင့်ပြင်ထားပါနော်...."

အားလုံး ကိုယ့် အလှည့်ရောက်မည့် အချိန်ကို စောင့်နေမိကြသည်။ နာရီတွေ တဖြည်းဖြည်း ကုန်ဆုံးသွားတာကာ ရှောင်းကျန့် အရှေ့မှ လူများလည်း တဖြည်းဖြည်းလျော့နည်းလာသည်။ တချို့က အခြေအနေကောင်းပုံရသည်.....အများစုကတော့ ငိုမဲ့မဲ့ ထွက်သွားရတာချည်း.....။

"ရှောင်ရှောင်းကျန့်.....အလှည့်ရောက်ပါပြီ....."

"ဟုတ်ကဲ့ပါ....."

"နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အတွက် good luck ပါနော်.....သူဌေးစောင့်နေပါတယ်....."
"ဟုတ်ကဲ့ပါ ခင်ဗျ....ကျေးဇူးတင်ပါတယ်...."

ရှောင်းကျန့် ဂျက်ကိုပြုံးပြလိုက်ကာ သူဝင်ရမယ့် အခန်းလေးရဲ့ တံခါးကို ခေါက်လိုက်သည်။ ထိုစဉ် အထဲက တည်ငြိမ်နေသော အသံတစ်ခုက ပေါ်ထွက်လာသည်။

"ဝင်ခဲ့ပါ....."

တံခါးလက်ကိုင်လေးအသာအယာ လှည့်ပြီး ပွင့်လာသည်နှင့် အခန်းအတွင်းသို့ ပြင်းရှရှ ရနံ့တစ်ခုတိုးဝင်လာသည်။ ပြင်းရှရှ အနံ့နောက်မှာ ကပ်ပါလာတာက ရှပ်အင်္ကျီအနီရောင်ကို လည်ပင်းတစ်ဝိုက်ရှင်းရှင်းလင်းလင်း ပေါ် အောင်ဝတ်ထားတဲ့ ရှောင်းကျန့်...။
အခန်းထဲကို ရောက်လာသည် နှင့် ရှောင်းကျန့် ဝမ်ရိပေါ်ရှိရာစားပွဲသို့ တမ်းတမ်းမတ်မတ် လျှောက်သွားလိုက်သည်။ ထို့နောက် စားပွဲခုံလေးကို လက်ညိုးထိပ်လေးနဲ့ တတောက်တောက် သွားခေါက်ကာ....

"မောင့်ကို တွေ့ရဖို့ကလည်း ခက်ခဲလိုက်တာ.....လျှောက်လွှာကို အစောကြီးလာထပ်ထားတာတောင်....."

ရှောင်းကျန့်​၏  စကားကို ဝမ်ရိပေါ် အရေးမစိုက်ဘဲ သူ့အလုပ်ခန်း အလယ်က ဆိုဖာ ခုံများကို မေးဆတ်ပြလိုက်သည်။
"ဟိုအရှေ့က ခုံပေါ် မှာ အရင်ထိုင်နေပါ.....ခင်ဗျားရဲ့ စာရွက် စာတမ်းတွေ ယူပြီး ကျွန်တော်လာခဲ့မယ်....."

"ကောင်းပါပြီ မောင်....."

ရှောင်းကျန့်သူထိုင်နေရာကနေ ဝမ်ရိပေါ်ကို အကြည့်တစ်ချက်မလွှဲဘဲ ခပ်စွေစွေလေး ကြည့်နေသည်။ ရှောင်းကျန့်​၏  အကြည့်တွေကို ဝမ်ရိပေါ် သတိထားမိလား မသိပေမယ့် ခဏအကြာတွင် ရှောင်းကျန့် အရှေ့က ဆိုဖာသို့ ဝမ်ရိပေါ် စာရွက်စာတမ်းများယူလာကာ ဝင်ထိုင်လိုက်သည်။

"နေကောင်းရဲ့လား မောင်....."
"အလုပ်နဲ့ဆိုင်တဲ့ မေးခွန်းတွေသာ အာရုံစိုက်ပေးပါ....."

"ဟုတ်ပါပြီ...."

"ဘာလို့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို ရွေးပြီး လာလျှောက်တာလဲ....."

"မောင်တို့ ကုမ္ပဏီကပဲ ဒီဇိုင်းဌာနရဲ့ ဌာနမှူးရာထူး ခေါ်တာလေ......"

"ခင်ဗျား အသက်က ၃၀ နော်...."

"အင်း....ကိုယ်က မောင့်ထက် ၆ နှစ်ကြီးတယ်...."

ဝမ်ရိပေါ် အလိုမကျစွာ မျက်ခုံးများကို တွန့်ချိုးမိသည်။

"မေးတာကိုပဲ ဖြေပေးပါ ရှောင်ရှောင်းကျန့်...."

"ဆောရီးပါ....."

"ခင်ဗျားရဲ့ လျှောက်လွှာထဲမှာ ဖော်ပြထားတဲ့ ဒီဇိုင်းရှိုးပွဲတွေက ခင်ဗျားကိုယ်တိုင်ဦးဆောင်ခဲ့တာလား......"
"အင်း.....ဘယ်လိုပြောရမလဲ တစ်ယောက်တည်းဦးဆောင်ခဲ့တာ ရယ်တော့မဟုတ်ဘူး.....ရှိုးတစ်ခုဖြစ်ဖို့ ငွေကြေးကို ကုမ္ပဏီတွေက စိုက်ထုတ်ပေးတယ်....ကိုယ်ကတော့ ကျန်တာကြည့်လုပ်ရတာပေါ့......"

"ကောင်းပြီ.....နောက်မေးခွန်းတစ်ခုအနေနဲ့ ခင်ဗျားကို ကျွန်တော်တို့ ကုမ္ပဏီက ဘာကြောင့် အလုပ်ခန့်သင့်တာလဲ....."

"အဲ့တာကတော့ မောင့်ကိုမောင် ပြန်မေးကြည့်လေ ကိုယ့်ကို ဘာလို့ ခန့်သင့်လဲဆိုတာ....."

​ဝမ်ရိပေါ် သူ​၏မျက်လုံးများကို ရီဝေဝေ စိုက်ကြည့်ကာ ပြောနေတဲ့ ရှောင်းကျန့် ကို သုံးစက္ကန့်လောက်စိုက်ကြည့်နေပြီးမှ အကြည့် လွှဲလိုက်သည်။ ပြီးနောက် လက်ထဲမှ စာရွက်စာတမ်းတွေကို ဟိုဟိုဒီဒီ လှန်လှောလိုက်သည်။
"ရှောင်ရှောင်းကျန့်....."

"ရှောင်းကျန့် လို့ခေါ်ပါ....ကိုယ့်အတွက် ပိုအဆင်ပြေလို့ပါ....."

"ကောင်းပြီ ရှောင်းကျန့်.....ကျွန်တော် တိုက်ရိုက်ပဲပြောမယ်...ခင်ဗျားရဲ့ အပြုအမူတွေကို နားမလည်ပေမယ့် ကျွန်တော့်မှာ အိမ်ထောင်ရှိတယ် ဆိုတာ ခင်ဗျားသိမယ်ထင်တယ်....."

"ဪ....ဟုတ်လား...."

"ခင်ဗျားမသိစရာအကြောင်းတော့ မရှိဘူး....."

"ကိုယ်မသိခဲ့ဘူးရယ်....မောင် က ထင်သလောက်နာမည်မကြီးဘူးထင်တယ်.....ဒါမှ မဟုတ်ကိုယ်ကပဲ ဗဟုသုတ နည်းတာလား....."
ဝမ်ရိပေါ် သူအရှေ့မှာ နှုတ်ခမ်းပါးတွေကွေးညွတ်ပြီး ရယ်သံဟဟ နဲ့ပြောလာတဲ့ ထိုသူကို တကယ်အလိုမကျဖြစ်မိသည်။ ဒီလူ မသိချင်ယောင်ဆောင် အရူးကွက်တွေ နင်းနေမှန်းသူသိသည်။ ဒါပေမယ့် ဘာလို့လဲ.....။

"ရှောင်းကျန့်......ခင်ဗျား ဘာတွေ ရည်ရွယ်နေမှန်းမသိပေမယ့် ခင်ဗျားသိထားရမှာက ခင်ဗျားဖြစ်ချင်သလို ဖြစ်လာမှာတော့ မဟုတ်ဘူး....."

"သေချာလို့လား....မောင်ရယ် အခုမှ ကိုယ်တို့တွေ့တာ နှစ်ခါပဲရှိသေးတယ်.....ထားပါတော့ ကိုယ်ကလည်းအိမ်ထောင်ရှိတဲ့သူတွေကို စိတ်မဝင်စားပါဘူး......interview ပြီးပြီ မဟုတ်လား....ကိုယ်တို့စကားပြောနေကြတာ ၁၅ မိနစ်တောင်မကတော့ဘူး......မေးစရာမရှိတော့ရင် ကိုယ့်ကို ခွင့်ပြုဦး......"
"ကောင်းပြီ....."

ရှောင်းကျန့် စကားဖြတ်ပြီး အခန်းပြင်ထွက်ဖို့ တံခါးဖွင့်လိုက်ပြီးမှတစ်စုံတစ်ခုကို သတိရသွားကာ ဝမ်ရိပေါ်ရှိရာသို့ပြန်လျှောက်လာသည်။ ထို့နောက် ဝမ်ရိပေါ် ​ရှေ့က စားပွဲမှာ ကိုယ်ကို ကိုင်းကာ လက်ကိုထောက်လိုက်သည်။ နဂိုလည်ဟိုက်နေတဲ့ ရှပ်အင်္ကျီက အခုတော့ မမြင်အပ်တဲ့နေရာတွေအထိတောင် လှစ်ဟာလို့နေသည်။

ရှောင်းကျန့် သူ​၏ ဘောင်းဘီ အိတ်ကပ်ထဲမှာ အသာအယာထည့်ထားတဲ့ နှင်းဆီနီလေးတစ်ပွင့်ကို ထုတ်ယူလိုက်သည်​။ တစ်စထက်တစ်စ တိုးကပ်လို့သွားတဲ့ နှုတ်ခမ်းပါးတွေက ဝမ်ရိပေါ်​၏ မျက်နှာပြင်ကို ကျော်လွန်သွားပေမယ့် နားရွက်ဖျားတွေကို ထိကပ်လုမထိ နီးစပ်သွားသည်။
ရှပ်အင်္ကျီက နီသည်....ရှပ်အင်္ကျီလွတ်နေသောနေရာတို့က ဖြူနှစ်နေသည်။ ထို့အတူ နှုတ်ခမ်းတို့က နီစွေးနေပြီး.....နှင်းဆီနံ့ရောနေတဲ့ ရေမွှေးတွေထင်ကျန်ရာ ကိုယ်သင်းရနံ့တို့က ရှတတနိုင်သည်။

ဝမ်ရိပေါ်​၏ နားရွက်ဖျားမှာ ဖြတ်တိုက်သွားတဲ့ လေနွေးနွေးတချို့က......

"ဟိုတစ်ခါပေးခဲ့တဲ့ နှင်းဆီနီလေး ညှိုးနေပြီမလား.....ဒါကြောင့်ကိုယ် နောက်ထပ် တစ်ပွင့်ပေးခဲ့မယ်နော်......မောင်...."

ရှောင်းကျန့်​၏ စကားလုံးတွေကို ဝမ်ရိပေါ် တုံ့ပြန်ခြင်းမရှိဘဲ လက်ထဲက စာရွက်တွေကို သာ တင်းတင်း ဆုပ်ကိုင်လို့ထားသည်။ အသံရှူသံတွေ တိုးညင်းသွားတာကြောင့် အသက်အောက်ထားသည်ဟု ထင်ရသည်။ ဝမ်ရိပေါ်​၏ မသိမသာ ပျက်ယွင်းနေတဲ့ အမူအရာ တချို့ကို ရှောင်းကျန့် ကြည့်လိုက်ပြီး နှုတ်ခမ်းနှစ်လွှာစုလို့ ဝမ်ရိပေါ်ရဲ့ နားလေးကို လေနဲ့ တစ်ချက်မှုတ်လိုက်ပြီး နီးကပ်နေရာမှ ခွာလိုက်သည်။
"ပြန်လိုက်ဦးမယ် မောင်...."

​ဝမ်ရိပေါ် သူ့အရှေ့စားပွဲက နှင်းဆီနီလေးကို စိုက်ကြည့်နေရင်း......

"ဘယ်နှစ်ယောက်ရှိလဲ....."

"ဘာကိုလဲ....."

"ခင်ဗျား....အဲ့လို မောင် လို့လိုက်ခေါ်နေတဲ့သူတွေ ဘယ်နှစ်ယောက်ရှိလဲ......"

ရှောင်းကျန့် အနောက်ကို လှည့်မကြည့်ပေမယ့် ဝမ်ရိပေါ် ​၏ အမေးကို ရယ်သံစွက်၍ ဖြေလိုက်သည်။

"မလောပါနဲ့ .....အဲ့တာကိုတော့ ကိုယ့်ကို အလုပ်ခန့်မှပဲ ဆက်ဖြေမယ်လေ.....မောင်....."